မြစ်ကြီးနားမြို့၊ အဘယာရာမပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်များမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အဘယာရာမပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော် များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်များမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က အဆိုပါ စာသင်တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက် ၍ သံဃာတော် ၅၃ ပါးနှင့် ဒေသခံပြည်သူ ၄၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစပ်သပ်စစ်ဆေးပေးဖြင့်၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါ ရှာဖွေစမ်းသပ်ခြင်းများအပြင် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော သံဃာတော်များ အား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။