ပြည်ပလိုအပ်ချက်အတိုင်း တောင်သူများ စုပေါင်းစိုက်ပျိုး ရောင်းချသည့်စနစ်ဖြင့် တင်ပို့နိုင်မည့် ထောပတ်သီးဧက ၇ဝဝ ကျော် စတင်စိုက်ပျိုး

ပြည်ပလိုအပ်ချက်အတိုင်း တောင်သူများ စုပေါင်းစိုက်ပျိုး ရောင်းချသည့်စနစ်ဖြင့် တင်ပို့နိုင်မည့် ထောပတ်သီးဧက ၇ဝဝ ကျော်ကို    ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌  စတင်စိုက်ပျိုးလျက် ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း  ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့် ၏ပြောပြချက်အရ သိရသည်။

ယင်းသို့စုပေါင်းစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် သွင်းအားစုများကို  တစုတလုံးတည်း ဝယ်ယူနိုင်သည့်အပြင် ပြည်ပသို့တင်ပို့ရန်  ပိုမိုလွယ်ကူနိုင်မည် ဖြစ်သောကြောင့် စံပြအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိတွင်    အဆိုပါစံပြကွက်များ၌  ထောပတ်သီးများ   စိုက်ပျိုးနေပြီဖြစ်ရာ  ၂ဝ၂၂  ခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်သည်။

ယင်းစံပြကွက်ဧက ၇ဝဝ ကျော်တွင် နိုင်ငံတကာ ဈေးကွက်ဝင်Hass မျိုးများကို  ဧက ၆ဝဝ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။