၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက် ကျင်းပ

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက် ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ ၂၉

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍  နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌  ဆက်လက် ကျင်းပရာ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်၊ အားကစားနှင့်  ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

    ယနေ့ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်း အမျိုးသား သုံးယောက်တွဲအဖွဲ့လိုက် အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊   ချင်းပြည်နယ် အသင်းက  တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊    မကွေးတိုင်း ဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

    ဆက်လက်ပြီး အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက်  အုပ်စုအဆင့်ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်အား  ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီး အသင်းက  ဧရာဝတီတိုင်းဒေသကြီးအသင်းကို   ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊  မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊   အမျိုးသား သုံးယောက်တွဲ အဖွဲ့လိုက်  အုပ်စုအဆင့် ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ  ရန်ကုန်တိုင်းဒေသကြီး အသင်းက  ဧရာဝတီတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ် အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

    ၂၀၂၃ ခုနှစ်  နိုဝင်ဘာလ ၃၀ ရက် (ယနေ့) နံနက်ပိုင်းမှစတင်၍  ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး သုံးယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ  ပွဲစဉ်များကို ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး   ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ   အားကစားဝါသနာရှင်များ အနေဖြင့်  မည်သူမဆို အခမဲ့  လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။