နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များ ဆွတ်ခူးခဲ့သော ပြိုင်ပွဲဝင်မီးသတ် တပ်ဖွဲ့ဝင်တို့အား သင်္ဃန်းကျွန်း အရန်မီးသတ်တပ်ဖွဲ့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်

 

နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များ ဆွတ်ခူးခဲ့သော ပြိုင်ပွဲဝင်မီးသတ် တပ်ဖွဲ့ဝင်တို့အား သင်္ဃန်းကျွန်း အရန်မီးသတ်တပ်ဖွဲ့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်

 

ရန်ကုန်  နိုဝင်ဘာ  ၃၀

    စင်ကာပူနိုင်ငံ၌ ကျင်းပသည့် နိုင်ငံပေါင်း  ၁၃  နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့သော  Singapore- Global Firefighters and Paramedics Challenge (SGFPC) 2023    ပြိုင်ပွဲတွင် နိုင်ငံပေါင်းစုံ အဖွဲ့လိုက် အသက်ကယ် စွမ်းရည်ပြပြိုင်ပွဲနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးခဲ့သော ပြိုင်ပွဲဝင်မီးသတ် တပ်ဖွဲ့ဝင် တို့ကို သင်္ဃန်းကျွန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်ထွန်း နှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် လေ့ကျင်းရေးကွင်း၌ ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့သည်။

    ထိုသို့ချီးမြှင့်ရာ နိုင်ငံပေါင်း ၁၃ နိုင်ငံ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သော   မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းအား  ငွေကျပ်တစ်သိန်းနှင့် အသက်ကယ် စွမ်းရည်ပြပြိုင်ပွဲ၌  ပထမ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်၊ လက်ထောက်ဦးစီးမှူး ကျော်နိုင်ထွန်းနှင့် တပ်ကြပ်ကြီးထွန်းနေဝင်း တို့ကို ငွေကျပ်သုံးသိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။