စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိ
နေပြည်တော် ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ်လျန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်တွင် ပေါင်ရှင်းလာလ်၊ မဒိမ်ရှင်းဟွဲ့နှင့် မကျိန်ရှင်းဟွဲတို့အား ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။