ဂျပန်နိုင်ငံရှိ ဈေးကွက်အတွင်းသို့ ရုရှားနိုင်ငံမှ နှင်းကဏန်းများ ဝင်ရောက်
ရုရှားနိုင်ငံမှ နှင်းကဏန်းများသည် ဂျပန်နိုင်ငံရှိ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ ကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။
အနောက်နိုင်ငံများက ရုရှားအပေါ် တစ်ဖက်သတ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် ရုရှားပို့ကုန်များသည် အရှေ့အာရှဒေသသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုအခါ ဂျပန်နိုင်ငံသို့ ရုရှားမှ နှင်းကဏန်း တင်ပို့မှုမြင့်တက်လာလျက်ရှိသည်။ ရုရှားနိုင်ငံမှ တင်ပို့သည် နှင်းကဏန်း တင်ပို့မှု ပမာဏသည် ယခုနှစ် ပထမသုံးလအတွင်းမှာပင် ဂျပန်နိုင်ငံက တင်သွင်းခဲ့သည့် သွင်းကုန် စုစုပေါင်း၏ ၆၈ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းကာလအတွင်း၌ ဂျပန်နိုင်ငံ သည် ယန်း ၃၅ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၂၄၄ သန်း) တန်ဖိုးရှိ ရုရှားနိုင်ငံမှ ကဏန်းအသားများနှင့် ယန်း ၂၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၁၆၇ သန်း) တန်ဖိုးရှိ ကဏန်းထုတ်ကုန်များကို တင်သွင်းခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ယခင်က ရုရှားနိုင်ငံမှတင်ပို့သည့် ကဏန်းအသားကို အများအပြား တင်သွင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ် မတ်လမှစ၍ ရုရှားမှပင်လယ်စာ၊ ယမကာနှင့် စိန်တင်သွင်းမှုအပေါ် ပိတ်ပင်ခဲ့သည်။ ယင်းနောက်ပိုင်းမှစ၍ ရုရှားနိုင်ငံ သည် ၎င်းတို့၏ ကုန်ပစ္စည်းများကို အာရှဈေးကွက်များ အထူးသဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ခြင် ဖြစ်ကြောင်း သိရသည်။