အစ္စရေးက လက်ဘနွန်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမြောက်များဖြင့်ပစ်ခတ်

 

အစ္စရေးက လက်ဘနွန်ကို လက်တုံ့ပြန်သည့်အနေဖြင့် အမြောက်များဖြင့်ပစ်ခတ်

 

    လက်ဘနွန်ဘက်က အစ္စရေး တပ်စခန်းတစ်ခုကို အမြောက်များဖြင့် ပစ်ခတ်လာသည့် အတွက် အစ္စရေးဘက်ကလည်း လက်ဘနွန်ကို လက်တုံ့ပြန်သည့် အနေဖြင့် အမြောက်များဖြင့် ပြန်လည်ပစ်ခတ်လိုက်ကြောင်း သိရသည်။

“ယီဖတာဒေသမှာရှိတဲ့ အစ္စရေးတို့ရဲ့ တပ်စခန်းတစ်ခုကို  လက်ဘနွန်ဘက်က အမြောက်များနဲ့ ပစ်ခတ်လာတာရှိပါတယ်။ အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ လက်ဘနွန်ဘက်က အမြောက်ကျည်လာရာနေရာကို  အမြောက်များနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်” ဟု အစ္စရေးတပ်မတော်က ၎င်းတို့၏ လူမှုကွန်ရက်တစ်ခုတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ဘနွန်တို့၏ ပစ်ခတ်မှုကြောင့် အစ္စရေး စစ်သည်သုံးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိပြီး ယခုအခါ ၎င်းတို့ကို ဆေးကုသပေးလျက် ရှိကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်များကိုလည်း  အကြောင်းကြားပေးထားပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်တို့အပေါ် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေစဉ်   လက်ဘနွန်တောင်ပိုင်း၌ စစ်ရေးအခြေအနေများ တင်းမာလာခြင်းဖြစ်သည်။

အစ္စရေးတို့အပေါ်  အမြောက်များဖြင့် ပစ်ခတ်မှုကို လက်ဘနွန် စစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟစ်ဇဘိုလာတို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။