ယခုဘောလုံးရာသီ ဥရောပထိပ်တန်း လိဂ်ငါးခုတွင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော အသင်းအဖြစ် လေဗာကူဆင်အသင်း ဆက်လက်ရပ်တည်
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ်(၁၃)အဖြစ် ကစားသည့် လေဗာကူဆင်အသင်းနှင့် ဒေါ့မွန်အသင်းတို့ ပွဲစဉ်တွင် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် လေဗာကူဆင်အသင်းသည် ဥရောပထိပ်တန်း လိဂ်ငါးခုတွင် ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော ကလပ်အသင်းအဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် ငါးမိနစ်တွင်ပင် ဂျူလီယန် ရိုင်ယာဆန်က ဒေါ့မွန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီး ပွဲချိန် ၄၅ မိနစ်တွင် ဖလိုရီယန်ဝက်ဇ် က လေဗာကူဆင် အသင်းအတွက် ချေပဂိုးသွင်းယူနိုင် သော်လည်း လူကျွံအနေအထားကြောင့် ဂိုးမပေးခဲ့ ဘဲ ပွဲချိန် ၇၉ မိနစ်တွင် ဘိုနီဖေ့က လေဗာကူဆင် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်သည့် အတွက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လေဗာကူဆင် အသင်းက ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
လေဗာကူဆင်အသင်းကို ပြီးခဲ့သည့် ရာသီဝက်ကာလက နည်းပြ ဇာဗီအလွန်ဆို စတင်တာဝန်ယူ ကိုင်တွယ်ပြီးနောက် အသင်းအနေဖြင့် ရလဒ်ကောင်းများဆက် တိုက်ရရှိခဲ့ပြီး ယခုဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံ တစ်ပွဲမျှရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းဖြစ် သည်။
လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၁ ပွဲကစားခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်း၊ ဒေါ့မွန်အသင်းတို့နှင့် နှစ်ပွဲသာ သရေရလဒ်ထွက်ပေါ် ခဲ့ပြီး ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိအောင် စွမ်းဆောင်ထားကြောင်း သိရသည်။