KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်
နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေး ပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များ၊ စက်ရုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ရှိ 230 KV ဓာတ်အားခွဲရုံအား Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည်။ ယင်း သို့ တိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံရှိ 50 MVA Main Transfromer ၏ Generator Circuit Breaker ၊ အအေးခံကိရိယာနှင့် ကြွေသီး ၂ လုံး၊ 20 MVA Main Transfromer ၏ အအေးခံကိရိယာများ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး မြို့နယ်အတွင်း ဒေသခံ ပြည်သူများ ထံသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက်လျက်ရှိကြောင်းနှင့် အဆိုပါ ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင် ခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများစွာ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။