ထီးချိုင့်ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပြီး ဓါတုလက်နက်သုံး၍ ဗုံးကြဲနေသည်ဟု သတင်းတု၊ သတင်းမှားများရေးသားဖြန့်ဝေ လျက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုနေသည်ဟု မဟုတ်မမှန် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဓာတုလက်နက်များကို မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့အဖွဲ့ အကျအဆုံး များပြားလာပါက ထိုကဲ့သို့ မဟုတ်မမှန်သတင်းများကို အကြမ်းဖက် အားပေးမီဒီယာများမှတစ်ဆင့် ဝါဒဖြန့် ထုတ်လွှင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တပ်မတော်နေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။