ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးအမျိုးသမီးသင်တန်းသူများအလိုရှိသည်

 

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးအမျိုးသမီးသင်တန်းသူများအလိုရှိသည်

 

၁။လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

 (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

 (ခ )  လျှောက်ထားသူသည် ၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ် ၆ လထက်မကြီးရ။

 (ဂ )  တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

 (ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

 (င)  အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁၀၀)နှင့်အထက်ရှိရမည်။

 (အထက်ပါအတိုင်းကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေးချိန်အားခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

၂။       လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(Female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၈-၁၂-၂၀၂၃ ရက်နေ့မှ ၂၁-၁-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

 (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

 (ခ ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

 (ဂ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှတင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

 (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

 (င ) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

 (စ ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။ သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့်သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S(Diploma in Computer Studies)ချီးမြှင့်ပေးမည်။

၅။ သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ(၁၄၄၀၀၀)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ(၁၅၀၀၀၀)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း)အခြေခံလစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းစာ(၄၀၀၀)ကျပ်နှင့် စရိတ်များခံစားခွင့်ရရှိမည်။

၆။ လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါလစာနှင့် သတ်မှတ်စရိတ်များခံစားခွင့်ရှိမည်-

                အဆင့်အတန်း                                                   အခြေခံ          အရည်အချင်း                              ပေါင်း

                                                                                         လစာ                လစာ

 (က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)           ၂၀၄၀၀၀              ၆၀၀၀                                  ၂၁၀၀၀၀

 (ခ ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း)             ၂၀၄၀၀၀              ၈၀၀၀                                  ၂၁၂၀၀၀

 (ဂ) ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                        ၂၄၀၀၀၀              ၈၀၀၀                                  ၂၄၈၀၀၀

 (ဃ) အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                                ၂၅၈၀၀၀              ၈၀၀၀                                 ၂၆၆၀၀၀

 

မှတ်ချက်။     နှစ်တိုးလစာကို၂နှစ်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်(၁၀၀၀၀)ကျပ်အထိခံစားခွင့်ရှိသည်။

 

၇။တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။