ယူကရိန်းကို ထောက်ပံ့ပေးမှုက ဥရောပသမဂ္ဂအတွက် အဆုံးသတ်ဖြစ်သွားနိုင်ဟု ပြင်သစ်လွှတ်တော်အမတ် သတိပေး

 

ယူကရိန်းကို ထောက်ပံ့ပေးမှုက ဥရောပသမဂ္ဂအတွက် အဆုံးသတ်ဖြစ်သွားနိုင်ဟု ပြင်သစ်လွှတ်တော်အမတ် သတိပေး

 

    ယူကရိန်းကို   ထောက်ပံ့ပေးမှုက ဥရောပသမဂ္ဂအတွက်  အဆုံးသတ် ဖြစ်သွားနိုင်ကြောင်းနှင့် ဥရောပအနေဖြင့် စက်မှုလုပ်ငန်းနှင့်  စီးပွားရေးတို့တွင် ကန္တာရလွင်ပြင်မဖြစ်မီ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်ကြောင်း ပြင်သစ်လွှတ်တော် အမတ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသား သတိပေးထားသည်။

ယူကရိန်းပဋိပက္ခသည်  ဥရောပတိုက်သားများကို အထိနာစေကြောင်း၊ ၎င်းတို့အနေဖြင့် ဇီလန်စကီကိုငွေကြေး ထောက်ပံ့ပေးနေစဉ်  လိုအပ်သည့် ဓာတ်ငွေ့များကို   ပုံမှန်ကျသင့်သည်ထက် လေးဆပိုပေး၍ အမေရိကန်မှ ဝယ်ယူနေရကြောင်းနှင့် တစ်ချိန်တည်းမှာပင် ပြင်သစ်နိုင်ငံ၌ ဆင်းရဲမှုက ပေါက်ကွဲထွက် လာနေပြီဖြစ်ကြောင်း လွှတ်တော်အမတ်  နီကိုးလပ်ဒူပုန့်အစ်ဂနန် ကပြောသည်။

ထို့ကြောင့် အချိန်မနှောင်းမီ ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်က  မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း   အဆိုပါလွှတ်တော်အမတ်က ထပ်လောင်းသတိပေးထားသည်။

မကြာသေးမီက ဥရောပကောင်စီသည် ယူကရိန်းနှင့်  မော်ဒိုဗာတို့ကို ဥရောပသမဂ္ဂအဖွဲ့ဝင်  နိုင်ငံများအဖြစ် လက်ခံရေးဆွေးနွေးမှု လုပ်ငန်းကိုဖွင့်လှစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂက ယူကရိန်းသို့ ယူရိုဘီလီယံ ၅၀ ထောက်ပံ့ မည့်အစီအစဉ်ကို ဟန်ဂေရီဝန်ကြီးချုပ်က ကန့်ကွက်ကာ ယူကရိန်းသည် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် အသင့်မဖြစ်သေးကြောင်း ပြောထားသည်။