၁။ ၂၀၂၁ ခုနှစ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများဖိတ်ခေါ်ပါသည်။ ဆုရရှိသော စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း များအား မြဝတီရုပ်မြင်သံကြားတွင်ထုတ်လွှင့်ဖော်ပြသွားမည်ဖြစ်ပြီး ကဗျာနှင့်ဝတ္ထုများအား မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်းနှင့် တပ်မတော်စာစဉ်တို့တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
၂။ စာမူများတွင်ပါဝင်ရမည့်အချက်များ
( က ) ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ သန္ဓေတည်ပေါက်ဖွားလာသော တိုင်းရင်းသား ပေါင်းစုံပါဝင် သည့်တပ်မတော်ကြီးအား ခေတ်စနစ်နှင့်လျော်ညီ၍ ခေတ်မီအင်အားတောင့်တင်းသော တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေမှုများ။
( ခ ) နိုင်ငံ၏လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ပြည်ပကျူးကျော်မှု နှိမ်နင်းရေး သမိုင်းများ၊ ဒီမိုကရေစီဖော်ဆောင်မှုသမိုင်း၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့မှုများ၊ တိုင်းရင်းသားပြန်လည် ရင်ကြားစေ့ရေးတို့တွင် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု ပုံရိပ်များ။
( ဂ ) တပ်မတော်သားများမှ သဘာဝဘေးဒဏ်ကျရောက်သော ဒေသအသီးသီး သို့ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးများ စေလွှတ်ခြင်း၊ ပံ့ပိုးကူညီဆောင်ရွက်ခြင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
( ဃ ) နိုင်ငံတော်အတွင်းရှိ ပြည်သူပြည်သားများ၏ ဘဝလုံခြုံရေး၊ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် တိုင်းရင်းသား ပေါင်းစုံပါဝင်သော တပ်မတော်သားများမှ မိမိတို့၏ အသက်ခန္ဓာအား ပဓာနမထားဘဲ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများ။
( င ) အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် များနှင့် NCA ခေါ် ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ။
( စ ) တိုင်းရင်းသား ညီအစ်ကိုသွေးချင်းအားလုံးသည် ဘိုးဘွားတိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပေါင်းစည်းအမွေပေးအပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲရန် ကာကွယ်စောင့်ရှောက်ရာတွင် “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်” သည်သာလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တည်တံ့ခိုင်မြဲစေခြင်း။
( ဆ ) နိုင်ငံတော်၏ အသက်ဝိညာဉ်ဖြစ်သော ဒို့တာဝန် အရေးသုံးပါးနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား တပ်မတော်မှကာကွယ်စောင့်ရှောက်နေမှုများ။
( ဇ ) တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးပေါင်းဆောင်ရွက်ချက်များ သို့မဟုတ် ကြိုက်နှစ်သက်ရာအကြောင်းအရာအား ရေးဖွဲ့တင်ဆက်နိုင်သည်။
၃။ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်းကဏ္ဍသတ်မှတ်ချက်များ
( က ) တပ်မတော်အားကိုယ်စားပြုသည့် တက်ကြွမြူးကြွသည့် သီချင်းစာသား များပါဝင်ရမည်။
( ခ ) တေးသီချင်းတစ်ပုဒ်ကြာမြင့်ချိန် ၃ မိနစ်ထက်မနည်း၊ ၅ မိနစ်ထက်မများ ဖြစ်ရမည်။
( ဂ ) တေးသီချင်းအသံသွင်းပြီး အခွေနှင့်အတူ သီချင်းစာသား၊ Note မိတ္တူ ၃ စုံစီပူးတွဲတင်ပြရမည်။
( ဃ ) တေးသီချင်းရွေးချယ်ရာတွင် သံစုံတီးဝိုင်းဖြင့် တီးခတ်၍ Group ဖြင့် သီဆိုထားသော တေးသီချင်းများသာ ဦးစားပေးရွေးချယ် သွားမည်ဖြစ်ပါသည်။
( င ) ပြိုင်ပွဲဝင်စာမူရှင်များအနေဖြင့် မိမိတို့ပြိုင်ပွဲဝင်သော စစ်ချီတေး၊ စစ်သည် တေးသီချင်းများသည် ခေတ်အဆက်ဆက် အသုံးပြုနိုင်သော သီချင်းများဖြစ်ရန်အတွက် ပိုမိုကောင်း မွန်အောင် ရေးသားသီဆို အသံသွင်းပေးပို့နိုင်ပါရန်။
( စ ) စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း ကဏ္ဍများတွင် ပါဝင် ယှဉ်ပြိုင်လိုသော စာမူရှင်များအနေဖြင့် သံစုံတီးဝိုင်းဖြင့် တီးခတ်အသံသွင်းရန် အခက်အခဲရှိပါက နီးစပ်ရာတိုင်းစစ် ဌာနချုပ်များရှိ စစ်တီးဝိုင်းများတွင် သွားရောက်တီးခတ်၍ အသံသွင်းပေးပို့နိုင်ပါသည်။
၄။ ကဗျာတို/ကဗျာရှည်စာမူကဏ္ဍသတ်မှတ်ချက်များ
( က ) မြန်မာ့ကဗျာစံနှုန်းနှင့်ကိုက်ညီသည့်ကဗျာဖြစ်ရမည်။
( ခ ) ကာရန်မဲ့ကဗျာ မဖြစ်စေရ။
( ဂ ) ကဗျာတိုတွင် ပါဒ ၁၀၀ မှ ၂၀၀ အထိ သတ်မှတ်ပါသည်။
( ဃ ) ကဗျာရှည်တွင် ပါဒ ၃၀၀ မှ ၆၀၀ အထိ သတ်မှတ်ပါသည်။
( င ) အလွတ်တန်းအဆင့်တွင် မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
( စ ) ဝါသနာရှင်အဆင့်တွင် အမျိုးသားစာပေဆု၊ စိမ်းလန်းရွှေပြည် စာပေ ကဗျာဆု၊ စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေ စာမူဆုနှင့်စိမ်းလန်းရွှေပြည်ကဗျာစာမူဆုတို့တွင် ဆုရရှိခဲ့သူများ ယှဉ်ပြိုင်ခွင့်မရှိပါ။
( ဆ ) ကဗျာတို၊ ကဗျာရှည်တွင် မိမိယှဉ်ပြိုင်လိုသည့် အလွတ်တန်းအဆင့်၊ ဝါသနာရှင်အဆင့်ဟူ၍ သိသာစွာ ရေးသားထည့်သွင်းရန်။
( ဇ ) ဝါသနာရှင်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိပြီးပါက နောင်နှစ်တွင် အလွတ်တန်းအဆင့်တွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခင်တပ်မတော်နေ့ အထိမ်းအမှတ်ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယနှင့် တတိယတစ်ခုခုရရှိသူများသည်လည်း အလွတ်တန်းအဆင့်တွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
၅။ ဝတ္ထုတို/ဝတ္ထုရှည်စာမူကဏ္ဍသတ်မှတ်ချက်များ
( က ) ဇာတ်လမ်းအချိတ်အဆက်မိပြီး ဇာတ်ကောင်စရိုက် ထူးခြားပေါ်လွင်စွာ ရသမြောက်ခံစားချက်များ ပေးစွမ်းနိုင်ရမည်။
( ခ ) ဇာတ်လမ်းပညာ၏ အင်္ဂါရပ်များနှင့်အညီ စ၊ လယ်၊ ဆုံး သုံးပါးလုံး အဆင်ပြေ ညီညွတ်မျှတအောင် သရုပ်ဖော်နိုင်စွမ်းရှိရမည်။
( ဂ ) ဝတ္ထုတိုတွင် စာမျက်နှာ ၈ မျက်နှာမှ ၁၂ မျက်နှာအထိ သတ်မှတ်ပါသည်။
( ဃ ) ဝတ္ထုရှည်တွင် စာမျက်နှာ ၅၀ မှအထက် သတ်မှတ်ပါသည်။
၆။ စာမူများအား ကွန်ပျူတာစာစီရာတွင် Win- Researcher 2 Font Size-16၊ Line Spacing 1.3 သို့မဟုတ် Myanmar 3 Font Size-14၊ Line Spacing 1.3 သို့မဟုတ် Pyidaungsu Font Size-12၊ Line Spacing 1.15 ဖြင့်လည်းကောင်း (A-4) ၃ စုံစီပေးပို့ရမည်။
၇။ စာမူများအား ကိုယ်တိုင်ရေးသားခြင်းဖြစ်ကြောင်း၊ Copy မဟုတ်ကြောင်း၊ မည်သည့် စာစောင်မဂ္ဂဇင်းများတွင်မှ ဖော်ပြခဲ့ဖူးခြင်းမရှိကြောင်း ဝန်ခံချက်ပါရှိရမည်။
၈။ စာမူများအား မည်သည့်စာပေပြိုင်ပွဲများတွင်မျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် စာမူမဟုတ် ကြောင်း ဝန်ခံချက်ပါရှိရမည်။
၉။ စာမူရှင်များ၏ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်တို့အား ထည့်သွင်းဖော်ပြထား ရမည်။
၁၀။ စာမူများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နောက်ဆုံးထား၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသို့ ပေးပို့ရမည်။
၁၁။ စာမူများပေးပို့ရာတွင် Copy ၃ စုံမပါရှိခြင်း၊ Soft Copy မပါရှိခြင်း၊ သီချင်းစီဒီများမပါရှိခြင်း၊ သက်ဆိုင်ရာ ဝန်ခံချက်များမပါရှိခြင်း၊ ကိုယ်ရေးအချက်အလက်များ မစုံလင်ခြင်းနှင့် သတ်မှတ်ရက်အတွင်း အချိန်မီမရောက်ရှိသောစာမူများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၁၂။ စစ်ချီသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၅၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၄၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၃၀၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၁၀၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၁၀၀၀၀၀ ကျပ်။
၁၃။ စစ်သည်တေးသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၅၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၄၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၃၀၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၁၀၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၁၀၀၀၀၀ ကျပ်။
၁၄။ ကဗျာတို(အလွတ်တန်းအဆင့်) ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၂၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၁၅၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၁၀၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၈၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၈၀၀၀၀ ကျပ်။
၁၅။ ကဗျာတို(ဝါသနာရှင်အဆင့်)ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၁၅၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၁၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၅၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၃၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၃၀၀၀၀ ကျပ်။
၁၆။ ကဗျာရှည်(အလွတ်တန်းအဆင့်)ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၃၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၂၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၁၅၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၁၀၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၁၀၀၀၀၀ ကျပ်။
၁၇။ ကဗျာရှည်(ဝါသနာရှင်အဆင့်)ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၂၅၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၁၅၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၁၀၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၅၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၅၀၀၀၀ ကျပ်။
၁၈။ ဝတ္ထုတိုဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၃၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၂၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၁၂၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၁၀၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၁၀၀၀၀၀ ကျပ်။
၁၉။ ဝတ္ထုရှည်ဆုချီးမြှင့်မည့်နှုန်းထားများ
( က ) ပထမဆု ၆၀၀၀၀၀ ကျပ်။
( ခ ) ဒုတိယဆု ၅၀၀၀၀၀ ကျပ်။
( ဂ ) တတိယဆု ၄၀၀၀၀၀ ကျပ်။
( ဃ ) နှစ်သိမ့်ဆု(၁) ၁၅၀၀၀၀ ကျပ်။
( င ) နှစ်သိမ့်ဆု(၂) ၁၅၀၀၀၀ ကျပ်။
၂၀။ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား အခမ်းအနားဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့် မည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ