တောင်ကုတ်မြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရမှုကြောင့် တပ်မတော်သား အချို့ ကျဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် သတင်းတု သတင်းမှားများ ဖြန့် ဝေလျက်ရှိ

 

တောင်ကုတ်မြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရမှုကြောင့် တပ်မတော်သား အချို့ ကျဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် သတင်းတု သတင်းမှားများ ဖြန့် ဝေလျက်ရှိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာနှင့်  ရွာပကာ ရွာကြား တံတားအနီး တွင် သံတွဲမြို့မှ တောင်ကုတ်မြို့သို့မောင်းနှင်လာသည့် ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်မတော်သား အချို့ သေဆုံးကာ ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ဖျက်မီဒီယာ တစ်ခု ဖြစ်သည့်  DVB မှ မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာ တွင် ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တပ်မတော်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်များအား အဝေးမှ မိုင်းထောင်ဖောက်ခွဲ၍ ရမ်းသမ်း ပစ်ခတ်ထွက်ပြေးသွား ခဲ့ကြောင်းနှင့် လူနှင့်ယာဉ်များ မည်သည့်ထိခိုက်မှုမျှ မရှိကြောင်း လုပ်ကြံ သတင်းမှားသာ ဖြစ်ကြောင်း  ပြောကြားချက်အရ သိရှိရပါသည်။

    သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ် အေးချမ်းစွာနေထိုင်လိုသည့် တိုင်းရင်းသားပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။