Max Energy Futsal Amateur Cup 2024ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

Max Energy Futsal Amateur Cup 2024ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

ရန်ကုန်  ဇွန်  ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပသည့် Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး MFF Futsal Stadium  တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Max  Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့ နံနက် ၈ နာရီတွင် Team Starboyz FC အသင်းနှင့် TGL FC အသင်းတို့ကစားခဲ့ရာ ၄ ဂိုးစီ   သရေရလဒ် ထွက်ပေါ်ခဲ့ပြီး  နံနက် ၉ နာရီခွဲတွင် Champion Team အသင်းနှင့်   College FC အသင်းတို့ကစားခဲ့ရာ College FC အသင်းက သုံးဂိုး နှစ်ဂိုးဖြင့် လည်းကောင်း၊  နံနက် ၁၁ နာရီတွင် Seven FC အသင်းနှင့် Iconic FC အသင်းတို့ကစားခဲ့ရာ Seven FC အသင်းက လေးဂိုးတစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲ ၁၂နာရီခွဲတွင် YRG Youth အသင်းနှင့် MSK FC အသင်းတို့ကစားခဲ့ရာ  MSK FCအသင်းက သုံးဂိုးနှစ်ဂိုးဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် Let Wel Youth အသင်းနှင့် FFU Youths အသင်းတို့ကစားခဲ့ရာ Let Wel Youth အသင်းက ၁၁ဂိုး တစ်ဂိုးဖြင့် လည်းကောင်း၊  ညနေ ၃ နာရီခွဲတွင် VUC Athletic အသင်းနှင့် 5 TWSP  အသင်းတို့ကစားခဲ့ရာ 5 TWSP အသင်းက လေးဂိုးတစ်ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဇွန်လ၂၈ရက် နံနက် ၈ နာရီတွင် Gentle Guys FC အသင်းနှင့် Moonhead Yangonton အသင်း၊ နံနက် ၉ နာရီခွဲတွင်  Yankin Brotherhood အသင်းနှင့် Shwe Pyi Thar အသင်း၊ နံနက် ၁၁နာရီတွင် Taw Win Nan FC အသင်းနှင့် RPG FC အသင်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် Black Cross Youth အသင်းနှင့် Black Eagle အသင်း၊ မွန်းလွဲ ၂ နာရီတွင်  Passion Play FC အသင်းနှင့် Legacy FC အသင်း၊   ညနေ ၃ နာရီခွဲတွင် Future Light FC အသင်းနှင့် Fanatics FC အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။