အနောက်အုပ်စုအနေဖြင့် ရုရှားနှင့်စစ်ပွဲတွင် စစ်ရေးအရသာမက စိတ်ဓာတ်ရေးနှင့် နိုင်ငံရေးအရပါ ရှုံးနေပြီဟုဆို
အနောက်အုပ်စုအနေဖြင့် ရုရှားနှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် စစ်ရေးအရသာမက စိတ်ဓာတ်ရေးနှင့် နိုင်ငံရေးအရပါ ရှုံးနိမ့်နေပြီဖြစ်ကြောင်း ဆလိုဗက်ကီးယား လွှတ်တော်ဒုတိယဥက္ကဋ္ဌ လူဘော့ဘလာဟာက ဇွန်လ ၂၄ ရက်တွင် ပြောသည်။
လက်ရှိအချိန်တွင် အနောက်အုပ်စုရှိ စစ်မီးမွှေးသူများသည် အရှုံးနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ပြည်သူများက အစိုးရများအပေါ် ဖီဆန်မှုှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ လစ်ဘရယ်ဝါဒီများ ကျရှုံးတော့မည်ဖြစ်ကြောင်း လူဘော့ဘလာဟာက တယ်လီဂရမ်တွင် ရေးထားသည်။
ထို့ပြင် ဆလိုဗက်ကီးယားနိုင်ငံသည် ငြိမ်းချမ်းရေးရှိသည့် မှန်ကန်သော ဘက်တွင်ရပ်တည်နေကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌကပြောသည်။
အနောက်အုပ်စုသည် ရုရှားအပေါ် အမုန်းတရားပွားစေရန် လုပ်ဆောင်မှုများကြောင့် နိုင်ငံရေးတွင်အရှုံးများနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ပြင်သစ်တွင် အတိုက်အခံအုပ်စုက နေရာရလာပြီး အမေရိကန်တွင် ဂျိုးဘိုင်ဒင်ထက် ဒေါ်နယ်ထရမ့်ကို လူအများက ပိုမိုလက်ခံလာကြောင်း လူဘော့ဘလာဟာက ပြောသည်။
အလားတူ အနောက်အုပ်စုသည် အကျပ်အတည်းကာလနှင့် ရင်ဆိုင်နေရကြောင်း၊ ယူကရိန်းက အနောက်နိုင်ငံထုတ် လက်နက်များဖြင့် ခရိုင်းမီးယားရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို ဗုံးကြဲကြောင်း၊ ထိုလုပ်ရပ်ကိုလူသတ်မှုအဖြစ် လေ့လာသူများက သတ်မှတ်ကြောင်း ၎င်းကအလေးပေး ပြောသည်။