၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်

 

၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်

နေပြည်တော်  ဇွန်   ၂၈

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်   ဝန်ထမ်းများ၏သားသမီးများကို  ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို   လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်များ၏  ကြိုးစားအားထုတ်မှုများကို    အသိအမှတ်ပြုခြင်း ဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊   အတတ်ပညာရှင်များ ပေါ်ထွက်လာအောင်  တိုက်တွန်းနှိုးဆော်လိုသည့် သဘောဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်   ယခုလိုဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး   မိမိတို့၏သား သမီးများကို ယခုထက်မက ပိုမိုအောင်မြင်အောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မှန်ကန်သည့်လမ်းကြောင်းပေါ် အခြေချနိုင်အောင်နှင့်   နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သားကောင်းရတနာများ ဖြစ်အောင်   ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ သုံးဦးကိုလည်း ကောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများက လေးဘာသာ၊  သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးများဖြင့်  ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား    ငါးဘာသာဂုဏ်ထူးရှင် မအေးမြတ်သီရိမင်းက  ကျေးဇူးတင်စကားပြောကြားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း များ၏ သားသမီး ၂၂၀ ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၆၇ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင်ငါးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ခုနစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး စုစုပေါင်း ၄၉ ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။