ဗြိတိန်ကုမ္ပဏီတစ်ခုက ဂန္ထဝင်မြောက်လောင်စာဆီသုံးကားများကို လျှပ်စစ်ကားများအဖြစ် ပြောင်းလဲပေးနေ
ဗြိတိန်နိုင်ငံမှ Everatti ကုမ္ပဏီက ဂန္ထဝင်မြောက် လောင်စာဆီသုံးကားများကို လျှပ်စစ်ကားများအဖြစ် ပြောင်းလဲပေးနေကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို မဏ္ဍိုင်ပြုကာ ရှေးဟောင်းကားများကို လျှပ်စစ်ကားများအဖြစ် ပြောင်းလဲပေးနေခြင်းဖြစ်ပြီး ၎င်းတို့ စွမ်းအင်ပြောင်းလဲ အသုံးပြုပေးလိုက်သည့် နောက်ဆုံးကားမှာ ၁၉၆၄ ခုနှစ်ထုတ် Mercedes Pagoda အမျိုးအစားကားဖြစ်သည်။ ထိုကားသည် ထိုင်ခုံနှစ်လုံးသာ ပါဝင်သည့် အမြန်မောင်းအပျော်စီးကားငယ်ဖြစ်သည်။
Everatti ကုမ္ပဏီသည် ဓာတ်ဆီလောင်စာသုံးအင်ဂျင်များနှင့် စက်ပိုင်းဆိုင်ရာ ကိရိယာများကို ဘက်ထရီများနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဘက်ထရီစွမ်းအင်ပြောင်းလဲအသုံးပြုသည့်အတွက် မော်တော်ကားမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျသွားသော်လည်း ယင်းကဲ့သို့ပြောင်းလဲမှုအတွက် ကုန်ကျစရိတ်က အင်မတန်များပြားသည်။
ဥပမာ Mercedes Pagoda အမျိုးအစားကားဆိုလျှင် ဂန္ထဝင်မော်တော်ကားလေလံဈေးကွက်၌ ယူရို နှစ်သိန်းဈေးပေါက် သော်လည်း ၎င်းကိုဘက်ထရီစွမ်းအင်သုံးကားအဖြစ် ပြောင်းလဲခြင်းက ယူရို ၃၃၀၀၀၀ အထိကုန်ကျစေနိုင်သည်။
သို့သော် ဂန္ထဝင်ကားများကိုလည်း နှစ်သက်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင်လည်း ပါဝင်လိုသူများအနေ ဖြင့် ယခုကဲ့သို့ပြောင်းလဲမှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: IE K.H