ပင်လယ်နက်အတွင်း အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးများကို တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ရပ်တင်သွင်းရန် ရုရှားကာကွယ်ရေး ဝန်ကြီးညွှန်ကြား

 

ပင်လယ်နက်အတွင်း အမေရိကန်၏ ဒရုန်းစစ်ဆင်ရေးများကို တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ရပ်တင်သွင်းရန် ရုရှားကာကွယ်ရေး ဝန်ကြီးညွှန်ကြား

 

ပင်လယ်နက်အတွင်း  အမေရိကန်က လုပ်ဆောင်နေသည့် ဒရုန်းစစ်ဆင်ရေးများ ကို တုံ့ပြန်နိုင်မည့် စီမံကိန်းတစ်ရပ်ကို အဆိုပြုတင်သွင်းရန် ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘယ်လူဆော့က ရုရှားတပ်မတော်တာဝန်ရှိသူများအား ညွှန်ကြား လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ပင်လယ်နက်ဝေဟင်အတွင်း အမေရိကန်တို့၏ မဟာဗျူဟာမြောက်ဒရုန်းပျံသန်းမှုများမြင့်တက်လာပြီး ယင်းဒရုန်းများသည် ကင်းထောက်လှမ်းခြင်းနှင့် ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများက ထောက်ပံ့ပေးအပ်ထားသည့် လက်နက်များအတွက် ပစ်မှတ်ရှာဖွေမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။

အဆိုပါ ဒရုန်းပျံသန်းမှုများကြောင့် ရုရှားအာကာသနှင့်လေကြောင်းတပ်ဖွဲ့မှ လေယာဉ်များအပေါ် အန္တရာယ် ကျရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် ရုရှားနှင့် ဗြွှဥ အဖွဲ့ဝင်နိုင်ငံများကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်စေမည့် အလားအလာရှိကြောင်း ဝန်ကြီးဌာနကပြောသည်။

ပင်လယ်နက်အတွင်း  အမေရိကန်၏ ဒရုန်းပျံသန်းမှုများသည် အမေရိကန်နှင့် NATO အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းနိုင်ငံဘက်မှ တိုးမြှင့်ပါဝင်နေကြောင်းကို ပြသလျက်ရှိပြီး NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  အဆိုပါ လုပ်ဆောင်ချက်များအပေါ် တာဝန်ယူရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်တွင်  ရေးသား ဖော်ပြခဲ့သည်ဟု သိရသည်။

Ref: Xinhua