ထရမ့်နှင့် ပထမအကျော့စကားစစ်ထိုးပွဲတွင် ဘိုင်ဒင်ဘက်ကရှုံးနိမ့်နေဟု လေ့လာသူပြော

 

ထရမ့်နှင့် ပထမအကျော့စကားစစ်ထိုးပွဲတွင် ဘိုင်ဒင်ဘက်ကရှုံးနိမ့်နေဟု လေ့လာသူပြော

 

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နေသည့်  သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့၏ ပထမအကျော့ စကားစစ်ထိုးပွဲတွင် ဘိုင်ဒင်ဘက်က ရှုံးနိမ့်နေသည်ဟု Wall Street ဂျာနယ်မှ  နိုင်ငံရေးလေ့လာသူ ချားအော်တယ်ကပြောသည်။

အဆိုပါစကားစစ်ထိုးပွဲကို ဇွန်လ ၂၇ ရက်ညတွင် ပြုလုပ်ခြင်းဖြစ်ပြီး ထိုပွဲသည် ဘိုင်ဒင် အတွက်သာမက ဘိုင်ဒင်ဘက်မှ မီဒီယာများ အတွက်ပါ အရှုံးကြီးရှုံးရသည့်ပွဲဖြစ်ကြောင်း ချားအော်တယ်က  ှစကအညငု သတင်းဌာန သို့ပြောသည်။

ရွေးကောက်ပွဲနေ့မတိုင်ခင် လအနည်းငယ်အတွင်းမှာ ဒီမိုကရက်တစ်ပါတီခေါင်း ဆောင်ပိုင်းတွေအနေနဲ့ ဘိုင်ဒင်နဲ့ ဟဲရစ် ကိုထုတ်ပြီး ပိုမိုအင်အားတောင့်တင်းတဲ့သူကို ရှာဖို့လိုအပ်နေပါပြီ။ ဒါမှသာ အထောက် အပံ့ကောင်းတွေ ရထားတဲ့အပြင် ခွန်အားအပြည့်နဲ့ ချီတက်နေတဲ့ ထရမ့်တို့အဖွဲ့ကို ယှဉ်နိုင်မှာပါ ဟု လေ့လာသူကပြောထားသည်။

အလားတူ  စကားစစ်ထိုးပွဲမတိုင်မီ သီတင်းပတ်တစ်ပတ်အလိုကလည်း ပူလစ်ဇာဆုရသတင်းထောက်  ဆေးမားဟာ့က   ဘိုင်ဒင်၏စကားစစ်ထိုးပွဲသည် မှတ်ကျောက်တင်ခံရမည့် အဓိကပွဲဖြစ်သည်ဟု   ပြောသည်။

ထို့ပြင် စကားစစ်ထိုးပွဲ၌ ဘိုင်ဒင်၏အခြေအနေသည် လက်ရှိသမ္မတတစ်ဦးအတွက် အလွန်ဆိုးဝါးသည့် အခြေအနေဖြစ်လာနိုင် ကြောင်းနှင့် ဒီမိုကရက်တစ်ပါတီအနေဖြင့် ဂျိုးဘိုင်ဒင်နေရာတွင်  အခြားတစ်ဦးဖြင့် အစားထိုးရမည်ဖြစ်ကြောင်း  ပြောထားသည်။

ယခုပြုလုပ်သည့် စကားစစ်ထိုးပွဲကို CNN  သတင်းဌာနက  လက်ခံကျင်းပခြင်းဖြစ်ပြီး နောက်တစ်ကြိမ် စကားစစ်ထိုးပွဲကိုမူ ABC News သတင်းဌာနက စက်တင်ဘာလ ၁၀ ရက်တွင် လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik