ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဒုတိယဝန်ကြီး ဦးအေးကျော် သွားရောက်ကြည့်ရှုစစ်ဆေး

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဒုတိယဝန်ကြီး ဦးအေးကျော် သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်  ၂၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးအေးကျော်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ရောက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မီတာများကို လျှပ်စစ်စမ်းသပ်စစ်ဆေးရေးဌာန (Test Lab) သို့ အချိန်မီပေးပို့စစ်ဆေးပြီး Result အရ ထွက်ရှိလာသည့် မီတာများကို လျှပ်စစ်အန္တရာယ် ကင်းရှင်းမှုရှိစေရေး  အိမ်တွင်းသွယ်တန်းမှုများနှင့် ဆားဗစ်ဝိုင်ယာများကို စနစ်တကျစိစစ်ပြီး  လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ပြန်လည်တပ်ဆင်ပေးရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အသိ၊ သတိဖြင့်   ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဓာတ်အားခွဲရုံနှင့် မြို့တွင်းဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများအတွက် ပစ္စည်းများအချိန်မီ ရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း  ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊     မဟာဓာတ်အားလိုင်းများ ကြံ့ခိုင်ထိန်းသိမ်းမှုကို    ကြိုတင်ကာကွယ်ဆောင်ရွက်ထားရန်၊   ဓာတ်အားလွှတ်ပစ္စည်းများကိုပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်းပြုပြင်ရေး  လုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း တိုးချဲ့လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေး၍  လိုအပ်သည်များ   မှာကြားခဲ့ကြောင်း သတင်းရရှိသည်။