ကျုံပျော်မြို့နယ် အထောင်တိုက်နယ်ကျေးရွာအုပ်စု ကျွဲခြံဒေါင့်ကျေးရွာလမ်းဖွင့်ပွဲအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများထံ ငွေတောင်းခံပြီး မပေး နိုင်သူများကို လုပ်အားပေးခိုင်းနေသည် ဟု သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အထောင်တိုက်နယ်ကျေးရွာအုပ်စု ကျွဲခြံဒေါင့်ကျေးရွာ လမ်းဖွင့်ပွဲကို လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မည် ဖြစ်ကာ  လမ်းဖွင့်ပွဲအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသခံများထံ  တစ်အိမ် ထောင်လျှင် ၁ သိန်းနှုန်းကောက်ခံလျက်ရှိပြီး ငွေမပေးနိုင်သူများအနေဖြင့် လုပ်အားပေးရန် အတင်းအကျပ်စေခိုင်းခံရကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက် အားပေးမီဒီယာ တစ်ခုဖြစ်သည့် Ayeyarwaddy Times မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “လမ်းဖွင့်ပွဲအတွက် ဒေသခံပြည်သူများထံ ငွေကောက်ခံခြင်းနှင့် လုပ်အားပေး ခိုင်းစေခြင်းများ မရှိကြောင်း” သိရှိရသည်။

          တရားမဝင်ပြည်ဖျက် အကြမ်းဖက်အားပေး မီဒီယာများသည် အခြေအမြစ်မရှိသည့် သတင်းတု၊ သတင်းမှားမျာကို လုပ်ကြံရေးသား၍ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံသတင်းတု၊ သတင်းမှားများကို လှုမှုကွန်ရက် စာမျက်နှာများတွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။