ဥရုဂွေးအသင်းသမိုင်းတစ်လျှောက် နိုင်ငံတကာပြိုင်ပွဲစုံ ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် စကာရိုနီ၏ စံချိန်ကို တိုက်စစ်မှူး ဒါဝင်နူနက်စ်လိုက်မီ

 

ဥရုဂွေးအသင်းသမိုင်းတစ်လျှောက် နိုင်ငံတကာပြိုင်ပွဲစုံ ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် စကာရိုနီ၏ စံချိန်ကို တိုက်စစ်မှူး ဒါဝင်နူနက်စ်လိုက်မီ

 

    ဥရုဂွေးအသင်း တိုက်စစ်မှူး   ဒါဝင်နူနက်စ်သည် ကိုပါအမေရိက ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဥရုဂွေး အသင်းနှင့်  ဘိုလီဗီးယားအသင်းတို့   ကစားသည့် ပွဲစဉ်တွင် အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ပြီးနောက် အသင်းသမိုင်းတစ်လျှောက် နိုင်ငံတကာပြိုင်ပွဲစုံ ခုနစ်ပွဲဆက်   ဂိုးသွင်းယူနိုင်သည့်  ကစားသမားဟောင်း စကာရိုနီ၏စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

ကိုပါအမေရိကဖလားပြိုင်ပွဲ    အုပ်စုပွဲစဉ်တွင် ဥရုဂွေးအသင်းက ဘိုလီဗီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိရာတွင် ဒါဝင်နူနက်စ်က ပွဲချိန် ၂၁ မိနစ်တွင် အသင်းအတွက် ဂိုးသွင်းယူနိုင်ပြီးနောက်  စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကို    ပိုင်ဆိုင်ခဲ့ခြင်းဖြစ် သည်။

ဒါဝင်နူနက်စ်သည်  လက်ရှိ ကိုပါအမေရိက ဖလားပြိုင်ပွဲတွင်   ဥရုဂွေးအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနေပြီး  နှစ်ပွဲကစားပြီးချိန်တွင်  သွင်းဂိုးနှစ်ဂိုး ရယူထားသည်။

ဥရုဂွေးအသင်း သမိုင်းတစ်လျှောက် ခုနစ်ပွဲဆက်ဂိုး သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စကာရိုနီသည် ၁၉၂၇ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိကစားခဲ့ သည့် ပွဲစဉ်များတွင် ခုနစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း ဖြစ်သည်။

ယခုအခါ  ဒါဝင်နူနက်စ်ကလည်း  ၂၀၂၃  ခုနှစ် အောက်တိုဘာလ  ၁၃  ရက်က  ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ကစားခဲ့သည့် ကိုလံဘီယာအသင်းနှင့် ပွဲမှစ၍  ဘရာဇီးအသင်း၊  အာဂျင်တီးနားအသင်း၊ ဘိုလီဗီးယား အသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် လေးပွဲနှင့် မက္ကဆီကိုအသင်းနှင့် ကစားခဲ့သည့်ခြေစမ်း ပွဲတစ်ပွဲ၊    လက်ရှိ ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်အဖြစ် ပနားမားအသင်း၊ ဘိုလီဗီးယားအသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။