ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၄ ဇွန် - ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည်ဆောက်လုပ် လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီ တော်မြတ်ကြီး အာရုံခံတန်ဆောင်း၌ ကျင်းပရာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး မြစေတီ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြစေတီစာသင် တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။