နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့တွေ့ဆုံဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော်  ဇွန်  ၃၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ခေတ္တရောက်ရှိနေသော နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် သည် ယမန်နေ့နံနက်ပိုင်းက ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့ သွားရောက်၍ မြတ်ဗုဒ္ဓ စွယ်တော်အား    ဖူးမြော်ကြည်ညိုပြီး   လင်ကွန်းကျောင်းတိုက်    ကျောင်းထိုင်ဆရာတော် ချမ်းကျန့်အား ဂါရဝပြုတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် နေပြည်တော်မှ ပင့်ဆောင်လာသည့်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရုပ်ပွားတော်ငယ်အား  လှူဒါန်းခဲ့သည်။      

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြား ရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ကို ပေကျင်းမြို့ရှိ ကျောက်ယွိထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံပြီး မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှ နေပြည်တော်သို့     ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း)  ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦး၊ ရန်ကုန်မြို့ တရုတ်သံရုံးမှ သံရုံးဒုတိယ အကြီးအကဲ(သံမှူးကြီး) မစ္စစ် ချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော် လေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)