၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး  “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး  ရဋ္ဌနန္ဒကမိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် ဇွန် ၂၃

ရခိုင်ပြည်နယ်  တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ  ဆင်မ ဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး(၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်  နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင်  မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊  ကိုယ်လုံး လုံးပတ် ၃ ပေ

၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

ဆင်ဖြူတော်ကလေး၏ဘွဲ့နာမံတော်မှာ   ရဋ္ဌနန္ဒကဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာရှစ်ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊  အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

အထက်ပါဆင်ဖြူတော်လေး ရဋ္ဌနန္ဒကမှာ ယခုအသက် တစ်နှစ် ၁၁ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၆ လက်မ၊ ကိုယ်လုံး လုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၃၇၀ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ  ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေးရဋ္ဌနန္ဒကမှာ ငယ်စဉ်ကတည်းကပင်   လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊ ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ်  "Peace Human and  Elephant Interaction Training"  ဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။