တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကျည်ကာအင်္ကျီ (သံပြားမပါ) (၃၀)ထည် အပါအဝင် ကုန်ပစ္စည်း (၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကောင်းမှုတော်လမ်းဆုံအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် သံပြားအပါး (၂၆၆)ချပ်၊ သံပြားအထူ (၉၂)ချပ်၊ သံပိုက်လုံး (၂၄၁၅)လုံး၊ သံပိုက်ချောင်း (၇၃၂၈) ချောင်း၊ ကြေးပိုက်ခွေ (၁၀)ခွေပါ (၁၉)ဖာ၊ မြေတူးစက်(၁)လုံး၊ နှမ်းနက် (၃၃)အိတ်အပါအဝင် ကုန်ပစ္စည်း (၄၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၃၉၃၉၇၉)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၇၄၁)တန်၊ သစ်မာ (၀ ဒသမ ၅၅၃)တန်၊ အခြားသစ်(၂ ဒသမ ၈၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၀၇၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၈၁၄၇၆၉)ဖြစ်ကြောင်း သတင်းရရှိပါသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ