စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာ

 

စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်  ဇူလိုင်  ၁

    စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီးကျန်းဒေသ၏ ဟိမဝန္တာတောင်တန်း ဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation)သို့ တက်ရောက်ရန်    သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ညန်ချီမြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်   ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယခုကျင်းပမည့်ဖိုရမ်ကို ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့၌ ကျင်းပမည်ဖြစ်ပြီး ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့်   သဘာဝတရား အကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့်ကဏ္ဍ(၃)ခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၃၀၀ တက်ရောက်မည်ဖြစ်ကြောင်း   သတင်းရရှိသည်။