​​​​​​​မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည် နှစ်စင်းပစ်လွှတ်ဟု  တောင်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည် နှစ်စင်းပစ်လွှတ်ဟု  တောင်ကိုရီးယား ထုတ်ပြန်

ဆိုး၊ စစ်ရေး

မြောက်ကိုရီးယားနိုင်ငံက ဇူလိုင်လ  ၁ ရက်တွင် တာတိုပစ်ဒုံးကျည်တစ်စင်းအပါ အဝင် အမြင့်ပျံဒုံးကျည်နှစ်စင်းကို နိုင်ငံ၏ အရှေ့ဘက်သို့ ပစ်လွှတ်လိုက်ကြောင်း  တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ထား သည်။

အဆိုပါဒုံးကျည်နှစ်စင်းအနက် တာတိုပစ်ဒုံးကျည်သည် ကီလိုမီတာ ၆၀၀ အထိ ပျံသန်းပြီး အခြားဒုံးကျည်တစ်စင်းမှာ ကီလိုမီတာ ၁၂၀ ခန့်ပျံသန်းကြောင်း တောင်ကိုရီးယား ပူးတွဲဦးစီးအရာရှိချုပ်များရုံး၏ပြောဆိုမှုကို ကိုးကား၍ Yonhap သတင်းဌာနကဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဇွန်လ ၂၆  ရက်တွင်လည်း အမျိုးအမည်မသိအမြင့်ပျံ ဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်လိုက်သေးသည်။

အဆိုပါဒုံးကျည်သည် အသံနှုန်းလွန် ဒုံးကျည်တစ်စင်းဖြစ်ကြောင်း၊ သို့သော်  ယင်း ဒုံးကျည်သည် ကီလိုမီတာ ၂၅၀ ခန့်သာ ပျံသန်းသည့်အတွက် စမ်းသပ်မှု မအောင်မြင် ခြင်းဖြစ်နိုင်ကြောင်း Yonhap သတင်း ဌာနက အစောပိုင်းတွင်ဖော်ပြထားသည်။

သို့သော် မြောက်ကိုရီးယားဒုံးကျည်ကွပ်ကဲမှုအဖွဲ့က ၎င်းင်းတို့အနေဖြင့် ဒုံးကျည် ထိပ်ဖူးတစ်ခုချင်းစီကို ပင်မဒုံးကျည်မှ ခွဲထုတ်မှုနှင့် ပဲ့ထိန်းစမ်းသပ်မှုတို့ကို  အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း ဌာနက ဇွန်လ ၂၇ ရက် တွင်ထုတ်ပြန်ထားသည်။

Dates: 
Tuesday, July 2, 2024 - 06:01