ဟိုက်ဒရိုဂျင်စွမ်းအင်ပေါင်းစပ်အသုံးပြုသည့် ကမ္ဘာ့ပထမဆုံးသုတေသနသင်္ဘော ထွက်ပေါ် လာတော့မည်
ဟိုက်ဒရိုဂျင်စွမ်းအင်ကို ပေါင်းစပ်အသုံး ပြုထားသည့် ကမ္ဘာ့ပထမဆုံးသော သုတေ သနသင်္ဘောသည် မကြာမီထွက်ပေါ်လာ တော့မည်ဖြစ်သည်။
အဆိုပါသင်္ဘောကို ကယ်လီဖိုးနီးယား ကမ်းရိုးတန်းသုတေသနသင်္ဘော (CCRV)ဟု အမည်ပေးထားပြီး ၎င်း၏ကနဦး ဒီဇိုင်း ကို အမေရိကန်သင်္ဘောလုပ်ငန်းဗျူရိုက အတည်ပြုချက်ပေးလိုက်ပြီဖြစ်သည်။
ပင်လယ်ရေကြောင်းဆိုင်ရာ ဗိသုကာနှင့် အင်ဂျင်နီယာကုမ္ပဏီဖြစ်သည့် Glosten က ထိုသင်္ဘောကို ဒီဇိုင်းရေးဆွဲဖန်တီးထားခြင်း ဖြစ်ပြီး မကြာမီရေချသွားမည်ဖြစ်သည်။
CCRV အနေဖြင့် လိုအပ်သောတွန်းကန်အားအတွက် ဟိုက်ဒရိုဂျင်လောင်စာများကို အသုံးပြုသွားမည်ဖြစ်သောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိ လျော့ကျ စေနိုင်မည်ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် အဆိုပါ သင်္ဘောကို ကယ်လီဖိုးနီးယားပြည်နယ် ရေပိုင် နက်အတွင်းမှာပင် လုပ်ငန်းများဆောင်ရွက်နိုင်စေဦးမည်ဖြစ်သည်။
အကယ်၍ ခရီးဝေးသို့သွားရောက် လုပ်ငန်းဆောင်ရွက်ရမည်ဆိုပါက သန့်ရှင်းမှု ရှိသော ခေတ်မီဒီဇယ်ဂျင်နရေတာများကို ထပ်မံတပ်ဆင်ရမည်ဖြစ်သည်။
ကယ်လီဖိုးနီးယား သုတေသနဌာနက ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒနှင့် ရူပဗေဒ ဆိုင်ရာလုပ်ငန်းစဉ်များကိုလေ့လာတိုင်းတာ နိုင်ရေးအတွက် CCRV ကို အသုံးပြုသွားမည်ဖြစ်သည်။
ထိုသို့သုတေသနလုပ်ခြင်းကြောင့် ငါးဖမ်း လုပ်ငန်းများ၊ အန္တရာယ်ရှိသောရေမှော် ပေါက်ပွားမှုများ၊ အယ်နီညိုမုန်တိုင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများ၊ သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ဖြစ်ပေါ်မှု များနှင့် အောက်ဆီဂျင်ကုန်ခန်းမှုများကို ပိုမို နားလည်စေမည်ဖြစ်သည်။