​​​​​​​ကမ္ဘာ့ပထမဆုံးသော ကာဗွန်ကင်းစင် အလူမီနီယံ ထုတ်လုပ်မှုနည်းပညာကို ကနေဒါထုတ်ဖော်ပြသမည်

ကမ္ဘာ့ပထမဆုံးသော ကာဗွန်ကင်းစင် အလူမီနီယံ ထုတ်လုပ်မှုနည်းပညာကို ကနေဒါထုတ်ဖော်ပြသမည်

 

ကနေဒါနိုင်ငံရှိ သတ္တုတွင်းလုပ်ငန်းကုမ္ပဏီ  တစ်ခုက ကာဗွန်ပါဝင်မှုကင်းစင်သည့်  အလူမီနီယံ သန့်စင်ထုတ်လုပ်မှုနည်းပညာ  ကို ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

ထိုနည်းပညာသည် ပတ်ဝန်းကျင်ဂေဟစနစ်နှင့်ပိုမိုကိုက်ညီမှုရှိသည့် သတ္တုထုတ် လုပ်ရေးနည်းလမ်းများအနက် တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။

အဆိုပါနည်းပညာကို Elysis နည်းပညာ ဟုအမည်ပေးထားပြီး ၎င်းက သမားရိုးကျ သတ္တုသန့်စင်နည်းနေရာတွင် အစားထိုးကာ ဖန်လုံအိမ်ဓာတ်ငွေ့များထွက်ရှိမှုကို ဟန့်တား၍ ထိုဓာတ်ငွေ့များအစား အောက်ဆီဂျင်ကိုသာ ထွက်ရှိစေမည်ဖြစ်သည်။

ထိုနည်းပညာအတွက် ရီယိုတင်တိုကုမ္ပဏီ က ဒီဇိုင်းရေးဆွဲဖန်တီးကာ ထုတ်လုပ်ရေး စက်ရုံငယ်တစ်ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းစီမံကိန်းကို ကုမ္ပဏီနှင့် ကနေဒါ အစိုးရတို့က ပူးတွဲအကောင်အထည်ဖော် သွားမည်ဖြစ်သည်။ စီမံကိန်းအတွက် ကုန်ကျ စရိတ်ကိုမူ အမေရိကန်ဒေါ်လာ ၂၈၅ သန်း သတ်မှတ်ထားသည်။

အလူမီနီယံဆိုသည်မှာ ၎င်း၏ထူးခြား သောဂုဏ်သတ္တိများဖြစ်သည့် ခိုင်ခံ့ခြင်း၊ ပေါ့ပါးခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်ခြင်း တို့ကြောင့် လူအများစုက မဖြစ်မနေရွေးချယ်လာသည့် သတ္တုတစ်မျိုးဖြစ်သည်။

ထိုသို့သော အလူမီနီယံကိုထုတ်လုပ်ရာတွင် ကာဗွန်ဓာတ်ငွေ့များစွာထွက်ရှိရသော ကြောင့် တာဝန်ရှိသူများက တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို မဖြစ်မနေ ချမှတ် ထားရသည်။

ယခုနည်းပညာအသစ်တွင်မူ ကာဗွန်  လုံးလုံးလျားလျားပါဝင်ခြင်းမရှိသည့်အတွက် အလူမီနီယံကို အောက်ဆီဂျင်မှခွဲထုတ်ခြင်း က ဓာတ်ငွေ့အဖြစ် အောက်ဆီဂျင် ကိုသာ ထွက်ရှိလာစေမည်ဖြစ်သည်။

အဆိုပါနည်းပညာကြောင့် နှစ်စဉ်ကာဗွန်ဓာတ်ငွေ့ မက်ထရစ်တန်ချိန် ခုနစ်သန်း ထုတ် လွှတ်မှုကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့ပြင် ယင်းနည်းပညာကိုအသုံးပြုခြင်းသည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်း မှုကိုတိုးတက်ရရှိစေပြီး အရင်းအနှီးကြီးကြီး မားမားလိုအပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တို့ကို လျော့ကျစေသောကြောင့် ကုန်ထုတ်လုပ်မှုကိုလည်း တိုးတက် စေမည် ဖြစ်သည်။

Dates: 
Tuesday, July 2, 2024 - 16:44