ဝီကီပီးဒီးယား၏ နိုင်ငံရေးဘက်လိုက်မှုက AI အထိကူးစက်လာ
ကမ္ဘာ့စွယ်စုံကျမ်းဟုတင်စားခေါ်ဝေါ်သော ဝီကီပီးဒီးယား၏ နိုင်ငံရေးတွင်ဘက်လိုက်မှုများက ဗှု နည်းပညာအထိပါကူးစက်လာပြီဖြစ်ကြောင်း အမေရိကန်သုတေသနအဖွဲ့တစ်ဖွဲ့က ပြောသည်။
မန်ဟက်တန်တက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က ဝီကီပီးဒီးယား၌ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးများတွင် နိုင်ငံရေး ဘက်လိုက်မှုများကို တွေ့ရှိခြင်း ဖြစ်သည်။
ထို့နောက် OpenAI ၏ AI ဘာသာစကားပုံစံများတွင် ဝီကီပီးဒီးယားမှ ဆောင်းပါးများကိုလည်း တွေ့ရကြောင်း၊ ဝီကီပီးဒီးယားသည် ChatGPT ကို လေ့ကျင့်ပေးရာ၌ အဓိက အသုံးပြုနေသည့် အရင်းအမြစ်တစ်ခုဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောသည်။
သို့သော် ဆောင်းပါးတွင်ပါရှိသော ဘက်လိုက်မှုများသည် အမေရိကန်နိုင်ငံရေးဘက်တွင် အများဆုံး ပါဝင်နေခြင်း ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံရေးနှင့် ပတ်သက်၍ ယင်းကဲ့သို့ ဘက်လိုက်မှုများ မတွေ့ရကြောင်း သုတေသီများက ဆက်ပြောသည်။
ဥပမာအားဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အဆိုးမြင်သော အရေးအသားများဖြင့်သာ ပုံဖော်ထားပြီး ဘားရက်အိုဘားမားကိုမူ အကောင်းမြင်သော အရေးအသားများဖြင့်သာ ပုံဖော်ထားသည်ကို တွေ့ရသည်။
ထို့ကြောင့် ဝီကီပီးဒီးယားသည် ဘက်မလိုက်သော နိုင်ငံရေးရှုမြင်မှုဖြင့် ရှင်သန်သည်ဟူသည့် ရပ်တည်ချက် သဘောထားနှင့် ဆန့်ကျင်နေကြောင်း သုတေသီများက ၎င်းတို့၏ စာတမ်းကို နိဂုံးချုပ်ထားသည်။
Ref:RT