သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်) ထွန်ယက်မြေခံ ထည့်သွင်းပွဲနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆန် လျှော်) ထွန်ယက်မြေခံထည့်သွင်းပွဲနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို ဇူလိုင်လ ၂ ရက်တွင် နန်းတော်ကုန်းကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နန်းတော်ကုန်းကျေးရွာရှိ တောင်သူ ဦးသန်းစိန်၏ ကွင်းအမှတ် (၁၉၃) ဦးပိုင်အမှတ် (၁၄၀/၂) ဧရိယာ ခုနစ်ဧက၌ ထွန်ယက်ပွဲကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့် နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးချစ်ဝင်းနိုင်က တက်ရောက်လာသည့် တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)ထည့် သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရ ပိုမိုကောင်းမွန်စေကြောင်း၊ သီးနှံများ အထွက်နှုန်းတိုးစေကြောင်းနှင့် ကုန်ကျစရိတ်နည်းစေကြောင်း ရှင်းလင်းပြော ကြားသည်။
ထို့နောက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို နန်းတော်ကုန်း ကျေးရွာရှိ တောင်သူဦးစံဦးမောင်၏ ကွင်းအမှတ်(၁၉၃) ဦးပိုင်အမှတ်(၁၄၀/၁) ဧရိယာလေးဧက၌ကျင်းပရာ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးချစ်ဝင်းနိုင် က မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ထွန်ယက်မြေခံထည့်သွင်းပွဲနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက် ကြည့်ရှုကြကြောင်း သိရသည်။