မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

    တနင်္သာရီတိုင်းဒေသကြီး    မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို    ကြိုဆိုဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသမီးများနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို  ဇူလိုင်လ ၂   ရက်တွင်  မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ    ဒေါ်မြတ်စုဝင်းက မြန်မာအမျိုးသမီးများနေ့  ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု အမျိုးအစားများ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဥပမာများ၊ အမျိုးသမီးများ ဘဝလုံခြုံရေး၊    ဖွံ့ဖြိုးတိုးတက်မှုရရှိရေး တို့အတွက်   လိုအပ်သောဥပဒေ၊  နည်းဥပဒေများ အကြောင်းကို ပညာပေးဟောပြောသည်။

ထို့နောက်  ၂၀၂၄  ခုနှစ်  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို   စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော Grade-11 ကျောင်းသူ မခြူးမြတ်စန္ဒီလွင်၊ ဒုတိယဆုရရှိသော      Grade-10  ကျောင်းသူ မဝတီမျိုးမြင့်နှင့် တတိယဆု ရရှိသော    Grade-10 ကျောင်းသူ မသိမ့်ချယ်ရီဖွေးတို့ကို မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက ဆု ငွေနှင့် ဂုဏ်ပြုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့    ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အာဟာရ စားသောက်ဖွယ်ရာများ  ဝေငှ ပေးကြကြောင်း သိရသည်။