ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ မဟာသမယအခါတော်နေ့အခမ်းအနားများကျင်းပ

 

ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ မဟာသမယအခါတော်နေ့အခမ်းအနားများကျင်းပ

 

ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ မဟာသမယအခါတော်နေ့အခမ်းအနားများကျင်းပယင်းနောက် သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာ တရားနာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍   စေတီတော်ရင်ပြင်ချမ်းသာကြီး တန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယ အခါတော်နေ့ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ဗုဒ္ဓဝေယျာဝစ္စအသင်း အဖွဲ့များက ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မှူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာဝင်းခင်းကာ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များ၊ ဘုရားဖူးပြည်သူများနှင့်အတူ ရွှေတိဂုံစေတီတော် မြတ်ကြီးအား   လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်း၌ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း၊ အမျှဝေ၊ သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အလားတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကြီးတွင်လည်း ၁၃၈၆ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါ စေတီတော် အာရုံခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊   ဘာသာရေးဝတ်အသင်း အဖွဲ့များက  နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ကမ္ဘာအေးဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို  စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း၊ အမျှဝေ၊ သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။      

ကိုကိုဇော်(MNA)