ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)မှ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathurနှင့် အဖွဲ့ဝင်နှစ်ဦးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လက်ခံတွေ့ဆုံ 

 

ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)မှ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathurနှင့် အဖွဲ့ဝင်နှစ်ဦးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လက်ခံတွေ့ဆုံ 

 

နေပြည်တော်  ဇူလိုင် ၂

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်ခိုင်ဝင်းသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) မှ အာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့် အဖွဲ့ဝင်နှစ်ဦးကို    ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့့်  UNOPS  အဖွဲ့တို့မှ စီမံခန့်ခွဲမှု ဆောင်ရွက်နေသည့် Global Fund  ရန်ပုံငွေအဖွဲ့၏ တီဘီ၊ HIV နှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊  ရန်ပုံငွေအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ ရန်ပုံငွေများအား မသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်နေသူများထံ မရောက်ရှိ စေရေးကြီးကြပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဝန်ကြီးရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Dates: 
Wednesday, July 3, 2024 - 14:36