ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း ၂၈ ဦး နှစ်ချီ သံခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရ ဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း ၂၈ ဦး နှစ်ချီ သံခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရ ဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်

    ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မများနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရသည့် နိုင်ငံရေးအကျဉ်းသား ၂၈ ဦးအား ၂ နှစ်နီးပါးကြာ ခြေကျင်းခတ်ကာ တိုက်ပိတ်ထား ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ထံမှ ထုတ်ပြန် ပြောဆိုချက်အရသိရသည်ဟု သတင်းအမှားများကို ကိုးကားဖြန့်ဝေလျက်ရှိကြောင်း သိရှိ ရသည်။

    အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “အကျဉ်းသား ၂၈ ဦး သည် ထောင်အရာရှိများကို ဓါးစာခံအဖြစ်ဖမ်းဆီး၍ အကြမ်းဖက် ဆူပူအုံကြွထွက်ပြေးရန် ကြိုးစားခဲ့ခြင်းကြောင့် အကျဉ်းထောင် အက်ဥပဒေနှင့်အညီ တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်း၊ တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပြီး ယခုတွင် အမှုကိစ္စများပြီးပြတ်၍ ၁-၁-၂၀၂၄ ရက်နေ့တွင် ခြေကျင်းဖြုတ်ပေးပြီး ဖြစ်ပါကြောင်းနှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း” သိရှိရသည်။

    အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများအနေဖြင့် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်များတွင် အကျဉ်းထောင်အက်ဥပဒေနှင့်အညီ တာဝန် ထမ်းဆောင်နေမှုအပေါ် အများပြည်သူမှ အထင်အမြင်လွဲမှားစေရန် ကောလာဟလသတင်းများ ရေးသား ဖြန့်ဝေကာ ဝါဒဖြန့် ထိုးနှက်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။