ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာသို့ ပြောင်းရွေ့ ခံရမည်စိုး၍ ငွေကျပ်သိန်းရာချီလာဘ်ထိုး ဟု သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက်

    ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်­­မှ ရဲတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာသို့ ပြောင်းရွေ့ ခံရမည်စိုး၍ အထက်အဆင့်ဆင့်သို့ ငွေကျပ်သိန်းရာချီလာဘ်ထိုးနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

  အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်း စေရန်အတွက် မဟုတ်မမှန်ရေးသားခြင်းဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါ‌ကြောင်းသိရှိရပြီး တရားမဝင်ပြည်ဖျက် မီဒီယာများမှ  သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့်ရေးသား ဖြန့်ဝေနေကြောင်း သတင်းရရှိပါသည်။