ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

 

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

 

၁။         လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

            (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

            (ခ)       လျှောက်ထားသူသည် ၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ် ၆ လထက်မကြီးရ။

            (ဂ)       တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

            (ဃ)     မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

            (င)       အနည်းဆုံး အရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၄၀)ထက်မကျော်ရ။

၂။         လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(male)))တွင် Download  ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၈-၁၂-၂၀၂၃ ရက်နေ့မှ ၃၁-၁-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

            (က)     နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

            (ခ)       တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

            (ဂ)       အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှတင်ပြသည့်နေ့  မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

            (ဃ)     တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

            (င)       အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

            (စ)       မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။         သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ဌာနချုပ်များအစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊ အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍  ဆေးအောင်မြင် သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။         သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S(Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။         သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ(၁၄၄၀၀၀)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံ လစာ(၁၅၀၀၀၀)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံလစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းလစာ(၄၀၀၀)ကျပ်နှင့် စရိတ်များ ခံစားခွင့်ရရှိမည်။

၆။         လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါလစာနှင့် သတ်မှတ်စရိတ်များခံစားခွင့်ရှိမည်-

                                     အဆင့်အတန်း                                      အခြေခံ    အရည်အချင်း               ပေါင်း

                                                                                                 လစာ           လစာ

            (က)     တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)    ၂၀၄၀၀၀         ၆၀၀၀              ၂၁၀၀၀၀

            (ခ)       တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း)     ၂၀၄၀၀၀         ၈၀၀၀              ၂၁၂၀၀၀

            (ဂ)       ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                ၂၄၀၀၀၀         ၈၀၀၀             ၂၄၈၀၀၀

            (ဃ)     အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                          ၂၅၈၀၀၀         ၈၀၀၀             ၂၆၆၀၀၀

            မှတ်ချက်။     နှစ်တိုးလစာကို ၂ နှစ်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀)ကျပ်အထိ ခံစားခွင့်ရှိသည်။

၇။    တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် ဆက်လက်ဖြေဆိုနိုင်သည်။

၈။ ဘွဲ့ရရှိပြီးသူတပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထား နိုင်သည်။

၉။   ထို့အပြင် ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)များသည်စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူ သွားရောက်၍ အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်^ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။