ONE Firday Flights-69 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် ပေါင်ဆီရီ ယှဉ်ပြိုင်ထိုးသတ်မည်

 

ONE Firday Flights-69 ပြိုင်ပွဲတွင် စိုးလင်းဦးနှင့် ပေါင်ဆီရီ ယှဉ်ပြိုင်ထိုးသတ်မည်

 

ONE Championship အဖွဲ့အစည်းက သောကြာနေ့ညများတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပလျက်ရှိသည့် ONE Friday Flights ပြိုင်ပွဲကို ဇူလိုင်လ ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦးတွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် စိုးလင်းဦးနှင့် ထိုင်းမွေထိုင်းဖိုက်တာ ပေါင်ဆီရီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ONE Championship  အဖွဲ့အစည်းအနေဖြင့် ONE Friday Fights-69 ပြိုင်ပွဲတွင် ပါဝင်မည့် တွဲဆိုင်းများအနက် ယင်းတွဲဆိုင်းကိုသာ ဇွန်လ ၂၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စိုးလင်းဦးသည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲပြီးနောက် နှစ်ပွဲထိုးသတ်ထားရာ နှစ်ပွဲစလုံးအနိုင်ရထားပြီး MMA ပရိသတ်များ၏ စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရသူဖြစ်သည်။   ပေါင်ဆီရီသည် မွေထိုင်းပွဲရာနှင့် ချီထိုးသတ်ထားသူဖြစ်ပြီး စိုးလင်းဦးနှင့် ပြီးခဲ့သည့် နှစ်အနည်းငယ်က တွေ့ဆုံဖူးရာ သရေကျထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ- One Championship