စစ်ရေးအကူအညီပေးရေး အစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂၀၀၀ ကျော်အား ဥရောပသမဂ္ဂက လေ့ကျင့်ပေးဟု ယူကရိန်းပြော
ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီ ပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂၀၀၀ ကျော်အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လေ့ကျင့်သင်ကြားပေးခဲ့ပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံပိုင့်ုမငည်သမာ သတင်းအေဂျင်စီက ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ လေ့ကျင့်သင်ကြားရေးအစီအစဉ်တွင် ယူကရိန်းတပ်မတော်မှ အရာရှိများနှင့် အခြားအဆင့်စစ်သည်များ ပါဝင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယူကရိန်းတပ်မတော်သည် ယခုအခါ တပ်မဟာအသစ်များထပ်မံဖွဲ့စည်းနေခြင်း ကြောင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်ရန် ဥရောပသမဂ္ဂအဖွဲ့အား ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး အိုလက်ဆန်းဒါး ဘာလာနွတ်ဆာက တောင်းဆိုထားသည်။
ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူ အညီပေးရေးအစီအစဉ်အရ နှစ်နှစ်ကြာမြင့်မည့် လေ့ကျင့်သင်ကြားမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် မိုင်းရှင်းလင်းဆိုင်ရာ သင်ကြားရေး၊ ဆေးကုမှုဆိုင်ရာအကူအညီပေးရေးနှင့် ပြုပြင်မွမ်းမံခြင်းနှင့် ပြင်ဆင်ခြင်း တို့ပါဝင်ကြောင်းသိရသည်။
Ref: Xinhua