မြောက်ကိုရီးယားအား လက်နက်တပ်ဆင်ပေးနိုင်ဟု ရုရှားသမ္မတပြော

 

မြောက်ကိုရီးယားအား လက်နက်တပ်ဆင်ပေးနိုင်ဟု ရုရှားသမ္မတပြော

 

ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားအား  လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ရုရုားသမ္မတ  ဗလာဒီမာပူတင်က ပြော ကြားလိုက်ကြောင်းသိရသည်။

ရုရှားနိုင်ငံအနေဖြင့် မဟာမိတ်နိုင်ငံများသို့  လက်နက်ထောက်ပံ့ပေးနိုင်ခွင့်ကို ထိန်းသိမ်းထားပြီး မြောက်ကိုရီးယားနှင့် အခြားနိုင်ငံများသို့  တာဝေးပစ်ဒုံးကျည်များ ပေးပို့နိုင်ကြောင်း၊  ထိုသို့သော လုပ်ဆောင်မှုသည် အနောက်နိုင်ငံများက ယူကရိန်းသို့ လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းကို ထင်ဟပ်စေမည် ဖြစ်ကြောင်း သမ္မတပူတင်က ဗီယက်နမ်သမ္မတနှင့် ဇွန်လ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဟနွိုင်းမြို့၌ သတင်းထောက်များကို ပြောကြားစဉ် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် အနောက်နိုင်ငံများက ပေါက်ကွဲအား တစ်ကီလိုတန်မှ ၁၀ ကီလိုတန်ကြားရှိ လက်နက်များကို ထုတ်လုပ်နေဖွယ်ရှိသောကြောင့်    ရုရှားနိုင်ငံအနေဖြင့်လည်း နျူကလီးယားလက်နက်များ အသုံးပြုရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် မူဝါဒကိုပြောင်းလဲရန်  စဉ်းစားလျက်ရှိကြောင်း ပူတင်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဦးစွာတိုက်ခိုက်ရန်မလိုအပ်ကြောင်း၊ သို့သော် မိမိတို့၏တုံ့ပြန်တိုက်ခိုက်မှုသည် မည်သည့်ရန်သူကိုမဆို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားထားသည်။

Ref: RT