NATO တပ်ဖွဲ့အနေဖြင့် အာရှ-ပစိဖိတ်ဒေသကိုမထိခိုက်စေသင့်ဟု တရုတ်ပြော

 

NATO တပ်ဖွဲ့အနေဖြင့် အာရှ-ပစိဖိတ်ဒေသကိုမထိခိုက်စေသင့်ဟု တရုတ်ပြော

 

NATO တပ်ဖွဲ့အနေဖြင့် ဥရောပတွင် ကမောက်ကမ    အခြေအနေဖြစ်အောင် ဖန်တီးပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အာရှ-ပစိဖိတ်ဒေသကို   မထိခိုက်စေသင့်တော့ ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်တွင်ထုတ်ပြန်သည်။

“NATO တပ်ဖွဲ့က ဥရောပဒေသမှာ ကမောက်ကမဖြစ်အောင် လုပ်ထားပြီးပါပြီ။ အဲဒီအတွက် အာရှ-ပစိဖိတ်ဒေသကိုတော့ မထိခိုက်စေသင့်တော့ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NATO တပ်ဖွဲ့အနေဖြင့် အာရှ-ပစိဖိတ်ဒေသအတွင်း   စည်းရုံးလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နေခြင်းသည် တရုတ်နိုင်ငံ အပေါ် ဖိအားပေးရန်ဖြစ်သည်ဟု ထိုတပ်ဖွဲ့ အတွင်းရေးမှူးချုပ်    ယန်စတိုတန်ဘာ့က ပြောသည်။

သို့သော်  ထိုသို့သော ထုတ်ပြန်ချက်ကို တရုတ်အစိုးရက ဆန့်ကျင်ကန့်ကွက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဆက်လက်ဖော်ပြထားသည်။

“NATO တပ်ဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆီသို့ အရှေ့မျှော်ဦးတည် ချီတက်မှုက တရုတ်အပေါ် ဖိအားပေးဖို့အတွက်ဖြစ်တယ်ဆိုပြီး NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ်က အတိအလင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ အဲဒီတပ်ဖွဲ့အနေနဲ့ စစ်အေးကာလ စိတ်ဓာတ်ရှိ မှု၊ တင်းမာမှုများကို ဖန်တီးလိုမှု၊ ထိပ်တိုက်ရင်ဆိုင်မှုကိုစတင်မှု၊  ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို  ယိုင်နဲ့စေမှုတို့ကို ညွှန်းဆိုပြသနေပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီး ကာလနောက်ပိုင်းမှစ၍ ဥရောပတွင် အကြီးဆုံးသော စစ်ရေးပဋိပက္ခဖြစ်ပေါ်စေရန် လှုံ့ဆော်မှုအတွက်   တာဝန်ရှိသည်ဟု NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က ဂျပန်သတင်းစာ တစ်စောင်နှင့် အင်တာဗျူးတွင် ပြောထားသည်။

အလားတူ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံမှ တင်သွင်းသော  အဆင့်မြင့်နည်းပညာများ အသုံးပြု၍   ဒုံးကျည်များနှင့် ဒရုန်းများကို ထုတ်လုပ်နေကြောင်း၊ ယင်းအတွက်ကြောင့် တရုတ်နိုင်ငံသည် ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်မှုအတွက် တာဝန်ရှိကြောင်း စတိုတန်ဘာ့က စွပ်စွဲထားသည်ဟု သိရသည်။

Dates: 
Wednesday, July 3, 2024 - 09:12