ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီမှ အသိပေး ကြေညာချက်

၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက်)

Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ် ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ ထုတ်ပြန် ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ)အား ၂ဝ၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့အထိ ရက်တိုးမြှင့် သတ် မှတ် ဆောင်ရွက် ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။