ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အရပ်သား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ် ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မ မှန် ရေးသားဖြန့်ဝေလျက်ရှိ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အရပ်သား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ် ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မ မှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၁ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဇန်နဝါရီ ၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားသည့် အရပ်သား ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ချမှတ်ထားသည့် စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကာ စစ်ရေး ရည်မှန်းချက်များကိုသာ တိုက်ခိုက်ပြီး အရပ်သားပြည်သူများကို လူ့အခွင့်အရေးများနှင့် အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်း အမှားများကို လုပ်ကြံရေးသားကာ သွေးခွဲသပ်လျှိုလျက်ရှိပြီး အကြမ်းဖက်သောင်းကျန်း သူများ၏ အရပ်သားများသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းနှင့် အကြမ်းဖက်လုပ်ရပ် များကို ဖုံးကွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချလျက်ရှိကြောင်း သတင်းရရှိ ပါသည်။