မြိတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်

 

မြိတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၁ ရက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ မြို့မအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ကရင်တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၈၆)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး JengPhang နောင်တောင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားခဲ့ပြီး တာဝန် ရှိသူများက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံနှင့် ကျေးဇူးတင်စကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ယဉ်ကျေးမှုအဖွဲ့များမှ ကရင်ရိုးရာ ဒုံးယိမ်းအကနှင့် ကရင်အမျိုးသားတေးသီချင်းများ သီဆိုဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။