အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ဇွန် ၁၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ ဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်း အရာများကို ရှောင်ကြဉ်နိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ် အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နိုင်သည့်အတွက် ကျူးလွန်မိပါက အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူအပြစ်ပေးခံရခြင်းကြောင့် မိမိပတ်ဝန်းကျင် အသိုင်း အဝိုင်းတွင် ဂုဏ်သိက္ခာကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရှောင်ကြဉ်ရန် အထူးလိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှု လျော့နည်း ပပျောက်ရေး အတွက် စီမံဆောင်ရွက်လျက်ရှိပြီး ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်း ကျင်၊ မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အများ ပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ အသိပညာပေးကဏ္ဍကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအပေါ် ယုံကြည်အားကိုးခြင်းသည် အစိုးရအပေါ် ယုံကြည်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနှင့် မိမိဌာန၊ မိမိနိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်ရန်အတွက် အဂတိတရားကင်းစင်၍ ဖြောင့်မတ်တည်ကြည်စွာ အများပြည်သူ အကျိုး စီးပွားကို ရှေးရှု၍ တာဝန်ထမ်းဆောင်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော် သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအခန်းကဏ္ဍ၊ စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်း ကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိ လိုက်စားမှု၏ သဘောသဘာဝများ၊ အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တားဆီး ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)