ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်
ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်မှ ဒေသခံပြည်သူများ ယာယီနေရပ်စွန့်ခွာသူစခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ ကချင်ပြည်နယ်အစိုးရမှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား အခြေခံစားသောက်ကုန်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပံ့ပိုးငွေများပေးအပ်လျက်ရှိရာ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန် ပံ့ပိုးပေးအပ်ပွဲကျင်းပသည်။ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်မှယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ဆန်နှင့်အသင့်စား ခေါက်ဆွဲခြောက်များ၊ အခြေခံစားသောက်ကုန်များအား ပံ့ပိုးပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများက လက်ခံရယူကြပြီး ယာယီနေရပ်စွန့်ခွာသူ ပြည်သူများကိုယ်စား ဦးဆာမူးခေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။