မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာတွင် မီးလှုံနေသော အမျိုးသား တစ်ဦး တပ်မတော်က ပစ်သည့်လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာတွင် မီးလှုံနေသော အမျိုးသား တစ်ဦး တပ်မတော်က ပစ်သည့်လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ရက်

           မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာမှ အမျိုးသားတစ်ဦး မီးလှုံနေစဉ် တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည့် ဖြစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မိုးကုတ်မြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှုများမရှိခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးမှု မရှိစေရေးအတွက်  နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြည်သူများအတူ ပုံမှန်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           တရားမဝင်ပြည်ဖျက်မီဒီယာများမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူများမှ အထင်အမြင်လွဲမှားလာဖွယ် ထင်ယောင်ထင်မှားဖြစ်စေသည့် ကောလာဟလ သတင်းအမှားများကို လုပ်ကြံရေးသားကာ လူမှုကွန်ရက်စာမျက်နှာများတွင် လှုံဆော် ဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိပါသည်။