ရုရှားက အနောက်နိုင်ငံများအပေါ် အတိုင်းအဆမရှိ လက်တုံ့ပြန်သင့်ဟု သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ပြော

ရုရှားက အနောက်နိုင်ငံများအပေါ် အတိုင်းအဆမရှိ လက်တုံ့ပြန်သင့်ဟု သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ပြော

မော်စကို၊ စစ်ရေး

အနောက်နိုင်ငံများသည် စည်းမျဉ်း၊ စည်းကမ်းကင်းမဲ့စွာ ရုရှားအပေါ် စစ်ကြေညာလိုက်ပြီဖြစ် သောကြောင့် ရုရှားအနေဖြင့် အတိုင်းအဆမရှိ လက်တုံ့ပြန်သင့်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ပြောကြားသည်။

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တစ်ရပ် ထပ်မံချမှတ်ခြင်းကို အမေရိကန်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကြေညာခဲ့ပြီးနောက် မက်ဗီဒက်၏ တုံ့ပြန်ပြောကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရုားနိုင်ငံက အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ အားနည်းချက်တိုင်းကို ကောင်းစွာအသုံးချ၍ ယင်းနိုင်ငံ များအား အထိနာအောင် တုံ့ပြန်လုပ်ဆောင်သင့်ကြောင်း ၎င်းက ဇွန်လ ၁၃ ရက်တွင် ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အာကာသစစ်ပွဲနှင့် စိတ်ဓာတ်စစ်ဆင်ရေးတို့ကို ဆင်နွှဲနိုင်သည့်အပြင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများ၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် လူမှုရေးဝန်ဆောင်မှုများ ရပ်တန့်သွားစေရန်အတွက် လုပ်ဆောင်သင့်ကြောင်း မက်ဗီဒက်က ဆက်လက်ပြောကြားသည်။ မက်ဗီဒက်သည် လက်ရှိတွင် ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ရုရှားအပေါ် အမေရိကန်က နောက်ဆုံးချမှတ်လိုက်သည့် ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏စွမ်းအင်၊  သတ္တုနှင့်  တွင်းထွက်ပစ္စည်း တူးဖော်ရေးလုပ်ငန်းနှင့် ဘဏ္ဍာကဏ္ဍ အပေါ် အဓိကပစ်မှတ်ထားခြင်း ဖြစ်သည်။ အဆိုပါပိတ်ဆို့မှုသည် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်ကချမှတ်သည့် ပိတ်ဆို့မှုများအနက် အကြီးမားဆုံးသော ပိတ်ဆို့မှုတစ်ရပ်ဖြစ်ပြီး ယင်းပိတ်ဆို့မှုကြောင့် ရုရှားနှင့် ပြည်ပလုပ်ဖော်ကိုင်ဖက် နိုင်ငံများကြား ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိသည့် ကုန်သွယ်ရေးအပေါ် ထိခိုက်စေခဲ့ကြောင်း   သိရသည်။                                                                                   

Ref:RT